top of page

စီမံခန့်ခွဲမှု

မြန်မာ့စိုက်ပျိုးရေးကွန်ရက်၏ လုပ်ငန်းဆောင်ရွက်သည့် နည်းလမ်းမှာ သက်ဆိုင်သူမျိုးစုံပါဝင်သော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်မည်ဟူသော “ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် အမှတ် ၁၇” ကို အခြေခံထားပါသည်။ MAN အနေဖြင့် အဖြေနည်းလမ်းများကို ကျယ်ကျယ်ပြန်ပြန့် ဖော်ထုတ်ရေးအတွက် ပုံမှန်အားဖြင့် အပြန်အလှန်ဆက်ဆံမှုမရှိတတ်ကြသော မိတ်ဖက်များ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို အသုံးပြုဆောင်ရွက်ပါသည်။

 

မြန်မာ့စိုက်ပျိုးရေးကွန်ရက်၏ ထူးခြားသော စီမံခန့်ခွဲမှုပုံစံသည်လည်း အဆိုပါ သက်ဆိုင်သူပေါင်းစုံပါဝင်သည့် ချဉ်းကပ်မှုပုံစံကို ထင်ဟပ်နေပါသည်။  ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုနေသည့် ကျွန်ုပ်တို့၏ တွဲဖက် ဥက္ကဌများသည် ကျွန်ုပ်တို့၏ မဟာဗျူဟာနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများကိုကြီးကြပ်ပါသည်။  နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ ပါဝင်နေသော ကျွန်ုပ်တို့၏ အကြံပေးကောင်စီသည် အပြုသဘောဆောင်သော လူမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရလဒ်ကောင်းများ ပေါ်ထွက်စေရေး အကြံဉာဏ်များပေးပါသည်။ တွဲဖက်ဥက္ကဌများ၊ အကြံပေးကောင်စီနှင့် လုပ်ငန်းအဖွဲ့များပါဝင်သော ဦးဆောင်ကော်မတီသည် မြေပြင်ရှိ လှုပ်ရှားဆောင်ရွက်မှုများကို ဦးဆောင်မှုပေးပါသည်။

ဦးဆောင်ကော်မတီ

ပူးတွဲ ဥက္ကဌ

  • The Burgundy Hills Company

  • Mercy Corps Myanmar

အကြံပေးကောင်စီ

ပင်မကော်မတီ

  • Embassy of the Kingdom of the Netherlands

  • Grow Asia

  • Livelihoods and Food Security Trust Fund (LIFT)

  • USAID

  • Yoma Strategic Holdings

  • The MAN Secretariat

  • Co-Chairs

  • Advisory Council

  • MAN’s Working Group Leads

MAN ၏ ပင်မကော်မတီအစည်းအဝေးမှတ်တမ်းများ

"

"

စိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ လှမ်းမျှော်ကြည့်လို့ရတဲ့ အနာဂတ်ကာလမှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ချမ်းသာ ကြွယ်ဝမှုတွေကို မောင်နှင်မယ့် အင်ဂျင်တွေထဲက တစ်ခုအဖြစ် ဆက်ရှိနေပါလိမ့်မယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ လူတိုင်းအတွက် အကျိုးရှိသင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ ဖယ်ကျဉ်ခံထားရတဲ့ လူအသိုင်းအဝိုင်းတွေလိုမျိုး ဈေးကွက်ကြီးတွေထဲမှာ မဝင်နိုင်သေးတဲ့ လူတွေအတွက် ပိုပြီး အကျိုးရှိသင့်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍဟာ အနာဂတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဆန်းသစ်နိုင်စေဖို့၊ လိုက်လျော်ညီထွေစွ ပြုပြင်နိုင်လာစေဖို့၊ ပိုမို ခံနိုင်ရင်ရှိပြီး အားလုံးအတွက် အကျိုးရှိတဲ့ အခြေအနေတွေ ဖန်တီးနိုင်ဖို့  သက်ဆိုင်သူတွေပါဝင်တဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ အသိပညာဖလှယ်တာတွေဟာ MAN ရဲ့ အဓိက နေရာမှာ ရှိပါတယ်။ 

Leo Roozendaal

မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး

Mercy Corps Myanmar

မြန်မာ့စိုက်ပျိုးရေးကွန်ရက် တွဲဖက်ဥက္ကဌ

bottom of page