top of page

အဖွဲ့ဝင်

အဖွဲ့ဝင်ခြင်း

ြန်မာ့စိုက်ပျိုးရေးကွန်ရက်၏ အဖွဲ့ဝင်စနစ်သည် (လူပုဂ္ဂိုလ်အခြေခံ မဟုတ်ဘဲ) အဖွဲ့အစည်းအပေါ်တွင် အခြေခံပါသည်။ 

 

အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန်ဆိုလျှင် အဖွဲ့ဝင်လျှောက်လွှာတင်သော အဖွဲ့အစည်းများသည် စိုက်ပျိုးရေးထုတ်ကုန်ကွင်းဆက်တွင် ဝင်ရောက်ဆောင်ရွက်နေသော၊ သက်ဆိုင်မှု ရှိသော အကျိုးအမြတ် အတွက်လုပ်နေသော အဖွဲ့အစည်း၊ အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်း ဖြစ်ရပါမည်။ ထိုအထဲတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များ၊ အစည်းအရုံးများ၊ တောင်သူလယ်သမား အုပ်စုများ၊ စိုက်ပျိုးရေး ကဏ္ဍတွင် အလုပ်လုပ်နေသော၊ ၎င်းနှင့် နှီးနွယ်သည့် လှုပ်ရှားမှုများအား  လုပ်ဆောင်နေသည့်  နိုင်ငံတကာ ပုဂ္ဂလိက ကုမ္ပဏီများ ပါဝင်ပါသည်။ 

အဖွဲ့ဝင် အကျိုးကျေးဇူးများ

ဗဟုသုတနှင့် အသိအမြင်များ

စည်းရုံးညှိနှိုင်းပေးခြင်းနှင့် အထောက်အကူပြုခြင်း

ကွန်ရက်ချိတ်ဆက်ခြင်း

  • အမျိုးအမျိုးသော ပြသနာများအပေါ်သင်ယူမှုပွဲများ

  • လုပ်ငန်းအဖွဲ့(၃)ဖွဲ့တွင် ပူးပေါင်းပါဝင်နိုင်ခြင်း

  • မြန်မာ့စိုက်ပျိုးရေးကွန်ရက်နှင့် Grow Asia တို့က ပြုလုပ်သော အင်တာနက် တွေ့ဆုံပွဲများ၊ သုတေသနများနှင့် ကဏ္ဍအလိုက် လေ့လာမှုများအား ရရှိနိုင်ခြင်း

  • စီးပွားရေးနှင့် ဥပဒေရေးရာအကြံဉာဏ်

  • အဆိုပြုခြင်းနှင့် နိုင်ငံတော်အဆင့် မူဝါဒ အပြန်အလှန် ဆွေးနွေးပွဲများအား ပူးတွဲ ဖန်တီးပေးခြင်း

  • MOALI နှင့် MOC လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များမှတစ်ဆင့် ဌာနဆိုင်ရာနှင့် ပုံမှန် ထိတွေ့ခြင်း

  • ဒေသတွင်းအဆင့် Grow Asia လုပ်ငန်းအဖွဲ့များနှင့် ကဏ္ဍအလိုက် အသိုင်းအဝိုင်းများ (ဥပမာ − ဒီဂျစ်တယ်)တွင် ပါဝင်ခြင်း 

  • မြန်မာ့စိုက်ပျိုးရေးကွန်ရက် လုပ်ငန်းအဖွဲ့တွင်လည်းကောင်း၊ ဗဟိုကော်မတီတွင်လည်းကောင်း ခေါင်းဆောင်မှုတွင် ပါဝင်နိုင်သည့် အခွင့်အလမ်း

  • အလားအလာရှိသည့် မိတ်ဖက်များနှင့် ပါဝင်ပတ်သက်သူများသို့ ပုဂ္ဂိုလ်ရေးရာ မိတ်ဆက်ခြင်းများ

  • နိုင်ငံအဆင့်နှင့် ဒေသတွင်းအဆင့်ပွဲများတွင် စကားပြောနိုင်သည့် အခွင့်အရေးများ

  • မြန်မာ့စိုက်ပျိုးရေးကွန်ရက် အထွေထွေညီလာခံတွင် ပါဝင်နိုင်ခြင်း။

  • မြန်မာ့စိုက်ပျိုးရေးကွန်ရက်ပွဲများတွင် အဖွဲ့အစည်းနှင့် ထုတ်ကုန်များ မြှင့်တင်ပေးခြင်း

  • ရန်ပုံငွေ အခွင့်အလမ်းများ ရရှိခြင်း (ဤေနရာကိုႏွိပ္ပါ)

မြန်မာ့စိုက်ပျိုးရေးကွန်ရက်တွင် အဖွဲ့ဝင်ရန်  စိတ်ဝင်စားပါက အောက်ပါ ဖောင်ကို ကျေးဇူးပြု၍ဖြည့်ပေးပါ။ မြန်မာ့စိုက်ပျိုးရေးကွန်ရက်မှ ကိုယ်စားလှယ်တစ်ဦးက အသင်းဝင်လျှောက်ထားမှုကို အတည်ပြုရာ အချိန်တိုအတွင်းမှာ ပြန်လည်ဆက်သွယ်ပါလိမ့်မည်။ 

arrow&v
လုပ်ငန်းအစုအဖွဲ့များ ( အများဆုံး သုံးခု ရွေးချယ်နိုင်ပါသည်)

တင်သွင်းခြင်းအတွက် ကျေးဇူးတင်ပါသည်။

မြန်မာ့စိုက်ပျိုးရေးကွန်ယက် အဖွဲ့ဝင်ဖြစ်ခြင်းနှင့် ပတ်သက်သည့် စုံစမ်းမေးမြန်းလိုလျှင်၊ Page မှတစ်ဆင့် ဆက်သွယ်မေးမြန်းပေးပါ (သို့) info.man@growasia.org

"

မြန်မာ့စိုက်ပျိုးရေးကွန်ရက်အဖွဲ့ဝင်လည်းဖြစ်၊ ဦးဆောင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တဲ့ ICCO ဟာ မြန်မာ့စိုက်ပျိုးရေးကွန်ရက်အောက်က ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံများ လုပ်ငန်းအဖွဲ့မှာ တက်ကြွစွာ ပါဝင်နေပါတယ်။ MAN မှာ ပါဝင်ရတဲ့ အကျိုးကျေးဇူးတွေကတော့ MAN ဟာ ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အယူအဆတွေ၊ အမြင်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေး၊ မျှဝေဖို့ ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးက ကုန်သည်တွေ၊ မူဝါဒချမှတ်သူတွေ၊ လယ်သမားအဖွဲ့အစည်းတွေကို စုစည်းပေးပါတယ်။ 

 

တခြားလုပ်ငန်းအဖွဲ့က အဖွဲ့ဝင်တွေနဲ့အတူ ICCO နဲ့ MAN ဟာ မျိုးစေ့၊ ပိုးသတ်ဆေး၊ အသားအသောက် ဘေးကင်းမှု၊ ရာသီဥတု ဖောက်ပြန်မှု၊ တန်ုးဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှု စတဲ့ အရေးပါတဲ့ ကိစ္စတွေကို ဖော်ထုတ်ထားပါတယ်။  အဲဒီနောက် ရှေ့ဆက် တက်လှမ်းနိုင်အောင် မျှဝေ၊ ဆွေးနွေးဖို့ ပါဝင်သူအားလုံးအတွက် သင်ယူရေးအခွင့်အလမ်းကို ဖန်တီးနိုင်ဖို့ သင်ယူမှုဆိုင်ရာ ပွဲတွေ စီစဥ်ခဲ့ပါတယ်။ 

 

ကျွန်တော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ရင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍရဲ့ အားသာချက်တွေကို ဖော်ထုတ်နိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။ ဒါ့အပြင် လုပ်ငန်းအဖွဲ့တွေအနေနဲ့ လယ်သမားတွေနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ချဲ့ထွင်နိုင်ဖို့အတွက် ငွေကြေးပံ့ပိုးမှုအစီအစဥ်နဲ့ ပတ်သက်ပြီး MAN က ကျွန်တော်တို့ကို ချိတ်ဆက်ထားပေးပါတယ်

"

ဦးခင်ဇော်ထွန်း

စီမံကိန်း မန်နေဂျာ ၊ ICCO Cooperation

တွဲဖက်ခေါင်းဆောင်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ လုပ်ငန်းအဖွဲ့

bottom of page