သွင်းအားစုဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တောင်သူများအခက်အခဲကြုံတွေ့
ပခုက္ကူဒေသတစ်ဝိုက် တောင်သူများမှာ လာမည့်မိုးနှောင်းကာလတွင် မြေပဲ ၊ နှမ်းအစရှိသည့် သီးနှံများစိုက်ပျိုးရန် ပြင်ဆင်နေသော်လည်း သွင်းအားစုစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။
တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုသည့် မြေသြဇာ၊ ပေါင်းသတ်ဆေး ၊ အပင်အားဆေးနှင့် အခြားသွင်းအားစုများမှာ စျေးနှုန်းနှစ်ဆခန့် မြင့်တက်လာသည့်အတွက် သီးနှံစျေးနှုန်းနှင့် ချိန်ဆလုပ်ကိုင်ရန် ပြင်ဆင်နေရကြောင်း သိရသည်။
ပခုက္ကူဒေသတစ်ဝိုက်တောင်သူများမှာ ယခုနှစ်မိုးဦးကာလသီးနှံစိုက်ပျိုးချိန်တွင် မြေပဲနှင့်ပဲတီစိမ်းများ စိုက်ပျိုးခဲ့သော်လည်း မေလနှင့်ဇွန်လတို့တွင် မိုးရွာသွန်းမှု နည်းပါးခဲ့သည့်အတွက် ဖြစ်ထွန်းအောင်မြင်မှု နည်းပါးခဲ့ပြီး ဇူလိုင်လရွာသွန်းမှု မိုးကြောင့်သာ သီးနှံအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန်