top of page
Search

အခြေခံစပါးဈေး ကျပ် ၅၆၀,၀၀၀ သတ်မှတ်သင့်ကြောင်း စီးပွား/ကူးသန်း အဆိုပြု

လာမယ့်နှစ် စပါးထွက်ပေါ်မယ့် ရာသီမှာ အခြေခံရည်ညွှန်း စပါးဈေးနှုန်းအဖြစ် စပါးတင်း (၁၀၀) ကို ကျပ် (၅၆၀,၀၀၀) သတ်မှတ်ပေးဖို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက အဆိုပြုထားပါတယ်။


၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးထုတ်လုပ်မယ့် မိုးစပါးနဲ့ နွေစပါးသီးနှံများအတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာနိုင်ဖို့ ပြီးခဲ့တဲ့ အငျ်ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ လုပ်ငန်းကော်မတီအစည်းအဝေးမှာ စီးပွား/ကူးသန်း ဒုတိယဝန်ကြီးက အထက်ပါအတိုင်း အဆိုပြုခဲ့ပါတယ်။


အဲ့ဒိ အဆိုပြုဈေးနှုန်းအပေါ်မှာ ကုန်ဈေးနှုန်း၊ ဝန်ထမ်းလစာ၊ ပုဂ္ဂလိက နေ့စားလုပ်ခနှုန်းထားများနဲ့ ချိန်ထားကြည့်ဖို့ လိုအပ်တယ်လို့လည်း ဒုဝန်ကြီးလည်းဖြစ်၊ လယ်ယာထုတ်လုပ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌလည်းဖြစ်သူ ဦးညွှန်အောင်က ပြောပါတယ်။


တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ သင့်တင့်မျှတတဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်စေဖို့ စိုက်ပျိုးထုတ်လုပ်မယ့် စပါးသီးနှံ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ထုတ်ပြန်ခြင်းကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

5 views0 comments

Recent Posts

See All

ယူနိုက်တက်ကင်းဒမ်း (UK) က မြန်မာနိုင်ငံထံမှ တစ်လကို ထောပတ်သီး ကွန်တိန်နာ (၁၀) လုံးခန့် ဝယ်ယူဖို့ တောင်းဆိုထားတယ်လို့ ဗြိတိသျှကုန်သည်ကြီးများအသင်းက ထုတ်ပြန်ထားပါတယ်။ အင်္ဂလန်၊ ဝေလ၊ စကော့တလန်၊ မြောက်အို

ပခုက္ကူဒေသတစ်ဝိုက် တောင်သူများမှာ လာမည့်မိုးနှောင်းကာလတွင် မြေပဲ ၊ နှမ်းအစရှိသည့် သီးနှံများစိုက်ပျိုးရန် ပြင်ဆင်နေသော်လည်း သွင်းအားစုစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေကြောင်

တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်များကို ပိတ်ထားမှုကြောင့် မိုးဖရဲစိုက်ပျိုးမှုကို ပြည်တွင်းစျေးကွက်အတွက်သာ ရည်ရွယ်စိုက်ပျိုးသင့်ကြောင်း မူဆယ်ပွဲရုံ ကုန်သည်ကြီးများက အကြံပြုထားပြီး၊ လက်ရှိအချိန်တွင် မူဆယ်ကုန်သ

bottom of page