UK က တစ်လလျှင် ထောပတ်သီး ကွန်တင်နာ (၁၀) လုံး မြန်မာနိုင်ငံထံက ဝယ်ယူဖို့ ကမ်းလှမ်း
ယူနိုက်တက်ကင်းဒမ်း (UK) က မြန်မာနိုင်ငံထံမှ တစ်လကို ထောပတ်သီး ကွန်တိန်နာ (၁၀) လုံးခန့် ဝယ်ယူဖို့ တောင်းဆိုထားတယ်လို့ ဗြိတိသျှကုန်သည်ကြီးများအသင်းက ထုတ်ပြန်ထားပါတယ်။
အင်္ဂလန်၊ ဝေလ၊ စကော့တလန်၊ မြောက်အိုင်ယာလန်နိုင်ငံတို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ UK အနေနဲ့ မြန်မာနိုင်ငံ ထောပတ်စိုက်ပျိုးထုတ်လုပ်သူများထံက HASS (ဟက်စ်) အမျိုးအစား ထောပတ်သီးကို တင်သွင်းနေတယ်လို့ သိရပါတယ်။
မြန်မာ့ထောပတ်သီးကို ၂၀၂၀ ပြည်နှစ်၊ စက်တင်ဘာလက အင်္ဂလန်နိုင်ငံကို ပထမအကြိမ် ထောပတ်သီးစမ်းသပ်တင်ပို့ရာမှာ အောင်မြင်မှုရှိခဲ့ပြီး ဒုတိယအကြိမ်ကို ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလမှာ တင်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် နိုင်ငံရေးအပြောင်းအလဲကြောင့် တင်ပို့နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မယ့် ရှမ်းတောင်ထောပတ်သီးထုတ်ပိုးစက်ရုံနဲ့ ချင်းတောင် ဝဥလွှာခြောက်စက်ရုံစီမံကိန်းတွေ ရွှေ့ဆိုင်းလိုက်ရပါတယ်။