အာရှ၏ တိုးတက်လာသော သကြားစားသုံးမှုသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများအား ပေးပါသည်။

-
ကမ္ဘာ့ ဝယ်လိုအားသည် လွန်ခဲ့သော နှစ်ပေါင်း (၁၀) ကျော်အတွင်း နှစ်စဉ် ၁.၈၃ % မြင့်တက်နေသည်။
-
ဝင်ငွေတိုးမြင့်လာခြင်း၊ လူဦးရေ များပြားလာခြင်းနှင့် စားသောက်မှု ပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် အာရှ တိုက်သည် အနာဂတ်တွင် ဈေးကွက်တိုးတက်မှုကို အဓိက မောင်းနှင်မည့် ဒေသအဖြစ် မြင်ထားကြပါသည်။
( ရင်းမြစ်။ နိုင်ငံတကာ သကြားအသင်း)


သကြား
မြန်မာနိုင်ငံတွင် တင်သွင်းလာသောသကြားများအား သန့်စင့်ပြီး တရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့သည့် ဈေးကွက် တစ်ခုရှိခဲ့ပါသည်။ သို့သော်၂၀၁၇ခုနှစ်တွင် ထိုသို့တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းအား ပိတ်ပင်လိုက်သောကြောင့် သကြားဈေးနှုန်းများ အလွန် ကျဆင်းပြီး သကြားကုန်သည်များအနေဖြင့် ၎င်းတို့၏လက်ဝယ် ရှိသော သကြားများအား ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချခဲ့ရသည်။ သကြားဈေးနှုန်းများသည် ကျဆင်းသွားသောနှုန်းထား၌သာ ဆက်လက်တည်ငြိမ်နေပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းစားသုံးမှုအတွက် သကြားထုတ်လုပ်ခြင်းများကို ဆောင်ရွက်လာခဲ့သည်။ တစ်ဖက်တွင်လည်း ကြံစိုက်ပျိုးခြင်းသည် ထိုင်းနှင့် အိန္ဒိယမှ အပြင်ဘက် ယှဉ်ပြိုင်မှုများနှင့် အစားထိုးသီးနှံမှ အတွင်းဘက် ယှဉ်ပြိုင်မှုများအား တွေ့ကြုံနေရပါသည်။

လှုပ်ရှားမှုများ
-
သကြားလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်မှုများ မြှင့်တင်ခြင်း ဥပဒေမူကြမ်းနှင့် သကြားကဏ္ဍတွင် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံခြင်းများ ပါဝင်မှု တို့အား စည်းရုံး ထောက်ခံခြင်းနှင့် အတူ Myanmar Sugar and Sugarcane Related Manufacturers’ Association (MSMA) အဖွဲ့အား ထောက်ပံ့ကူညီပေးခြင်း
-
တရုတ်သို့ တင်ပို့နေရာမှာ အာဆီယံနှင့် တောင်အာရှရှိ ဈေးကွက်အသစ်များသို့ မည်သို့ ဈေးကွက် ချဲ့ထွင်မည်ဆိုသည်နှင့် ပတ်သက်၍ သတင်းအချက်အလက်များ စုဆောင်းခြင်း။
လုပ်ငန်းအစုအဖွဲ့ ခေါင်းဆောင်များ
-
Wilmar Myanmar
-
Myanmar Sugar and Sugar Related Products Merchants and Manufacturer’s Association (MSMA)
လုပ်ငန်း အစုအဖွဲ့ဝင်များ
-
Agri First
-
Australian Centre for International Agricultural Research (ACIAR)
-
Coca-Cola Myanmar
-
Super One Group of Companies