top of page

ကျွန်ုပ်တို့ ဘာတွေ လုပ်နေသလဲ

မြန်မာ့စိုက်ပျိုးရေးကွန်ရက်သည် ၁) မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုများ တိုးတက်စေရန် ၂)  မြန်မာ့လယ်သမားများ၏ အမြတ်အစွန်းများ၊ ကုန်ထုတ်စွမ်းအားများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်လျက် ကုမ္ပဏီများ၊ အစိုးရဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့များ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအား အတူတကွ စုပေါင်းထားသည့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။

ယနေ့အထိ  မြန်မာ့စိုက်ပျိုးရေးကွန်ရက်သည် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်မှုများမှ တစ်ဆင့် လယ်သမားဦးရေ (၃၈၂, ၉၄၂) ထံသို့ရောက်ရှိပြီးဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် MAN သည် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ပါသည်။

  •  လုပ်ငန်းအဖွဲ့ (Working Group) များမှတစ်ဆင့် ကဏ္ဍအလိုက် (သို့) ဈေးကွက် စနစ်များ အသွင်ကူးပြောင်းခြင်းကို အားပေးမြှင့်တင်ခြင်း

  • ရေရှည်တည်တံ့ပြီး လုပ်ကွက်ငယ်လယ်သများများကို အလေးပေးသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှုများ တည်ဆောက်ခြင်း

  • အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ တောင်သူလယ်သမား အဖွဲ့အစည်းများအတွက် သင်ယူရေးအခွင့်အလမ်းများနှင့် အကြံဉာဏ်များပေးခြင်း

  • ကွန်ရက်ချိတ်ဆက်ခြင်းနှင့် သတင်းအချက်အလက် ဖလှယ်ခြင်းအတွက် အားလုံးပါဝင်မှုရှိသော ပလက်ဖောင်းတစ်ခုအဖြစ် လုပ်ဆောင်ခြင်း 

MAN သည် အောက်ပါ ကျင့်ဝတ်စံများနှင့် အညီဆောင်ရွက်ပါသည်။

  • စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများတွင် လယ်သမားများကို ဗဟိုပြုလျက် လုပ်ကွက်ငယ် လယ်သမားများကို ဦးစားပေးသော

  • နိုင်ငံတော်အဆင့် စီမံကိန်းများ၊ မဟာဗျူဟာများ၊ ရည်မှန်းချက်များနှင့် ကိုက်ညီပြီး လုပ်ကွက်ငယ်လယ်သမားများက ပိုင်ဆိုင်သော နိုင်ငံတော်က ဦးဆောင်ကာ၊ ဒေသက ဆောင်ရွက်ဖော်ဆောင်သော

  • ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊  လယ်သမားအဖွဲ့များ၊ အခြားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် သက်ဆိုင်သူမျိုးစုံပါဝင်ခြင်း၊ အာလုံးပါဝင်မှုရှိသော

  • ရေရှည်တည်တံ့သော၊ အားလုံးပါဝင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုများ၊ ဈေးကွက်အခြေပြု ဆောင်ရွက်မှုများကို စတင်ဖော်ဆောင်ခြင်း၊ ချဲ့ထွင်ခြင်းကို ဦးစားပေးလျက် ဈေးကွက်ကို အခြေပြုထားသော

 

လုပ်ငန်းဆောင်ရွက်ရေး ကျင့်ဝတ်စံများနှင့်အညီ ဆောင်ရွက်ပါသည်။

မြန်မာ့စိုက်ပျိုးရေးကွန်ရက်သည်

  • ကုမ္ပဏီ၊ ထုတ်ကုန်၊ အစီအစဥ်တစ်ခုခုအတွက် အားပေးမြှင့်တင်ခြင်း မပြုပါ။

  • ဈေးကွက်ထဲသော်လည်းကောင်း၊ အခြားယှဥ်ပြိုင်မှုရှိသည့်နေရာများတွင်သော်လည်းကောင်း မည်သည့် အဖွဲ့အစည်းကိုမျှ ဘက်လိုက်ကူညီပေးခြင်း မပြုပါ။ 

  • မြန်မာနိုင်ငံရှိ လုပ်ကွက်ငယ်လယ်သမားများ၏ အကျိုးစီးပွားမှ တစ်ပါး မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ အကျိုးစီးပွားအတွက် အားပေးမြှင့်တင်ဆောင်ရွက်ခြင်းမပြုပါ။

မြန်မာစိုက်ပျိုးရေးကွန်ရက်သည် Grow Asia အာရှဖွံ့ဖြိုးမှုအသင်း၏ မြန်မာနိုင်ငံဆိုင်ရာပါတနာအဖွဲ့အစည်း ဖြစ်ပြီး 

bottom of page