

လုပ်ငန်းအဖွဲ့
MAN၏ လုပ်ငန်းအဖွဲ့များသည် စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု ကွင်းဆက်အတွင်း လုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းအမျိုးမျိုးက စေတနာအလျောက် ပါဝင်လုပ်ကိုင်ပေးနေကြသော အဖွဲ့များဖြစ်ပါသည်။ အဆိုပါ အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သော စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုတွင် ပါဝင်ဆောင်ရွက်ပေးလိုကြသည့် အဖွဲ့အစည်းများ ဖြစ်ပါသည်။
လုပ်ငန်းအဖွဲ့များသည် ကုန်ထုတ်လုပ်မှုကွင်းဆက်များတွင် အားလုံးပါဝင်မှုရှိစေနိုင်ရန် အခွင့်အလမ်းများရှာဖွေဖော်ထုတ်ကာ လုပ်ကွက်ငယ်လယ်သမားများ အမျိုးရှိမည့် စီမံကိန်းများကို ပူးတွဲ ဖောင်ဆောင်ကြပါသည်။
မြေပြင်အဆင့်တွင် ၊ လုပ်ငန်းအဖွဲ့မိတ်ဖက်များသည် လုပ်ကွက်ငယ် လယ်သမားများ အကျိုးရရှိနိုင်သည့် ကုန်ထုတ်လုပ်မှု ကွင်းဆက်ဖြစ်ပေါ်ရေး တိုက်ရိုက် ကြားဝင်ဆောင်ရွက်မှုများကို ပူးပေါင်း ဒီဇိုင်းဆွဲခြင်း ၊ ပူးတွဲ အကောင်အထည်ဖော်ခြင်း၊ ရန်ပုံငွေ တွဲဖက် ထောက်ပံ့ခြင်းတို့ကို ပြုလုပ်လေ့ရှိပါသည်။ ကုန်ထုတ်လုပ်မှု ကွင်းဆက်များ၏ အမျိုးမျိုးသော ကဏ္ဍများကို ဥပမာပြရလျှင်
မစိုက်ပျိုးမီ ။
စိုက်ပျိုးသည့်ကာလ။
ရိတ်သိမ်းပြီးကာလ။
။ အရည်အသွေးရှိ အစေ့များ၊ သီးနှံကာကွယ်ခြင်း၊ ရေသွင်းပေးခြင်းနှင့် ဓါတ်မြေသြဇာများကို ရယူ သုံးစွဲနိုင်မှု တိုးတက်အောင် ဆောင်ရွက်ခြင်း။
။ ဆုံးဖြတ်ချက်ချခြင်းနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေနိုင်သည် အသိပညာမျှဝေခြင်း၊ လယ်သမားသင်တန်းပေးခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်း။
။ ပြည်တွင်း ပြည်ပ ဈေးကွက်အခွင့်အလမ်းများအား သတ်မှတ်ဖော်ထုတ်ခြင်း၊
လုပ်ကွက်ငယ် လယ်သမားများ၏ အကျိုးအမြတ်ပိုမို ရရှိစေရန် ထုတ်ကုန်တန်ဖိုးမြှင့်လုပ်ငန်းများတွင် အားပေးမြှင့်တင်ခြင်း။
နိုင်ငံတော်အဆင့်တွင် လုပ်ငန်းအဖွဲ့များသည်
မိမိတို့၏ လုပ်ငန်းကဏ္ဍများအတွက် မူဝါဒများ၊ နိုင်ငံတော်အဆင့် လမ်းပြမြေပုံများ၊ ငွေကြေးကဏ္ဍ၊ ဈေးကွက်ပြဿနာများနှင့် အခြား အခက်အခဲများနှင့် ပတ်သက်၍ ကဏ္ဍအလိုက်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုများတွင်လည်း ပါဝင်ကြပါသည်။
ကဏ္ဍအလိုက်ချဉ်းကပ်မှုများသည် အောင်မြင်မှုများ ရရှိရန်အတွက် အရေးကြီးသော လမ်းကြောင်းတစ်ခုအဖြစ် မြန်မာ့စိုက်ပျိုးရေးကွန်ရက် နှင့် Grow Asia လှုပ်ရှားမှုများတွင် ပိုမို ပါဝင်လာပါသည်။